ဗီယက်နမ်နိုင်ငံ၏ ကိုးလတာအတွင်း ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံအထိရရှိ

Powered by Drupal

         ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှုသည် ယခုနှစ် ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံနီးပါးရှိမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ ဗီယက်နမ်ရေထွက်ကုန်များအနက် ပုစွန်သည် တင်ပို့မှုအများဆုံးဖြစ်ကြောင်းသိရသည်။ ဗီယက်နမ်ပင်လယ်စာတင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏ အဆိုအရသိရသည်။ အဆိုပါကိန်းဂဏန်းသည် ၂၀၂၃ခုနှစ်၏ ကိုးလတာကာလအတွင်း ပုစွန်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၁၀.၅% တိုးလာကြောင်းသိရသည်။ အေးခဲပုစွန်တင်ပို့မှုသည် အီကွေဒေါနှင့် အိန္ဒိယတို့မှ ပြိုင်ဆိုင်မှုများနှင့်ရင်ဆိုင်နေရသော်လည်း ခိုင်မာသောဈေးကွက်အနေအထားတွင်ရှိနေသည်။ ပြည်ပသို့ ပြုပြင်ထုပ်ပိုးထားသော ပုစွန်တင်ပို့မှုမှာ ၁၀% နီးပါးတိုးလာပြီး အေးခဲထားသော ပုစွန်တင်ပို့မှုမှာ ၄.၅% မြင့်တက်လာခဲ့ကြောင်းသိရသည်။ အဓိကဈေးကွက်များစွာသို့ တင်ပို့ရောင်းချမှုများသည်လည်း ရလဒ်ကောင်းများရရှိခဲ့သည်။ စက်တင်ဘာလ ၁၅ရက်အထိ အမေရိကန်သို့ ပုစွန်တင်ပို့မှုသည် ကန်ဒေါ်လာ ၅၁၆သန်း၊ ဥရောပသို့ ကန်ဒေါ်လာ ၃၃၇သန်း၊ တရုတ်နှင့် ဟောင်ကောင်သို့ ကန်ဒေါ်လာ ၅၂၉သန်းဖြင့် တစ်နှစ်ထက်တစ်နှစ် ၈%၊ ၁၅% နှင့် ၂၆% တို့ အသီးသီးတိုးတက်ခဲ့ကြောင်းသိရသည်။ ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှုသည် ၂၀၂၄ခုနှစ်တွင် ကန်ဒေါ်လာ ၄ဘီလီယံအထိရှိလာမည်ဟု ခန့်မှန်းထားကြောင်းသိရပါသည်။

Source : Vietnamplus

DOCA(ရန်ကုန်)