
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအသိပညာပေး Talk Show ကို (၁၅-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ရုံးက ဦးခိုင်လွမ်းမိုးတို့က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ် အခန်း(၁၁) ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ ဖော်ပြရမည့် အာမခံချက်များ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြရမည့်အချက်များ၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ ၂၀၂၃ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ကို ထုတ်ပြန်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချသော လုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)