ကံမမြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြန်/ဆက်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၄-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကံမမြို့အမှတ်(၁၊၂၊၃၊၄)ရပ်ကွက်များရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ တင်သွင်းရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကံမမြို့နယ်တာဝန်ခံမှ မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှုရောင်းချရန်၊ တရားမဝင်ဆေးဝါးများကို ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမပြုရန်နှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)