ကံမမြို့နယ်တွင် ဆန်လက်လီ၊လက်ကားအရောင်းဆိုင်များအား အသိပညာပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၄.၁၀.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၄း၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြန်/ဆက်ဦးစီးဌာနတို့နှင့်အတူ ကံမမြို့ပေါ်၌ ဆန်ရောင်းချနေသော လက်လီ၊ လက်ကားအရောင်းဆိုင်များသို့  ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချစေရေး အသိပညာပေးခြင်း ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွက် ဈေးနှုန်းများအတိုင်း လိုက်နာရောင်းချစေရေးနှင့် စားသုံးသူ ပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများပြည်သူများသို့ ရောင်းချစေရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)