မြိတ်ခရိုင်ဆီကိုယ်စားလှယ်သည် ရန်ကုန်မြို့ရှိ Global Good Pure Group ကုမ္ပဏီနှင့် Mahar Phone Let Yoneကုမ္ပဏီမှ မြိတ်မြို့အတွက် (၁၁.၁၀.၂၀၂၄)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီများကို ယာဉ်အမှတ် 1Q-4290 နှင့် 1E-9578 တို့ဖြင့် တင်ဆောင်လာခဲ့ပြီး (၁၅.၁၀.၂၀၂၄) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောက်ရှိလာသော စားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ယာဉ်အမှတ် 1Q-4290တွင် စားအုန်းဆီပေပါ(၄၈)ပေ ပါနှင့် ယာဉ်အမှတ် 1E-9578 တွင် (၇၈) ပေပါ တို့ရောက်ရှိလာခဲ့ပြီး အဆိုပါစားအုန်းဆီများကို နှစ်ရာခိုင်နှုန်းအမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)