
ကလေးခရိုင်၊ ကလေးမြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော တန်ဖိုးမြှင့်စားသောက်ကုန် SNACK ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အောက်တိုဘာလ ( ၁၄ ) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် သင်တန်းသား/ သူ ( ၂၀ ) ဦးကို သွားရောက်၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဟန်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကလေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက အစားအသောက်များကို မိမိတို့အနေဖြင့် တစ်ပိုင်တစ်နိုင် ထုတ်လုပ်၍ ရောင်းချမည်ဆိုပါက စားသုံးသူကာကွယ်ရေး ဥပဒေ( ၂၀၁၉ ) အခန်း( ၁၈ ) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင်ပါဝင်သော ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ၏ အမည်နှင့်လိပ်စာ၊ လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစိုးရဌာနများက သတ်မှတ်ထားသော အချက်အလက်များအကြောင်း အသေးစိတ်ရှင်းလင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)