
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ နံနက် (၀၉:၂၀) အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည့် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လစဉ်ထုတ်ပြန်ပေးလျက်ရှိသည့် သင့်တင့်မျှတသောဆန်ဈေးနှုန်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကန့်ဘလူမြို့၊ မြို့မဈေးရှိ လက်လီ၊လက်က္ကားရောင်းချသည့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန် ဖြင့် ဖြန့်ဖြူးရောင်းချရန်၊ ထို့နောက် တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန် အခြေအနေတို့အား စစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)