
စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ ဆေးနှင့်ဆေးပစ္စည်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့အား ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များကို စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ပါဝင်သော မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ (၁၁.၁၀.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၄:၀၀) အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း လက်ကားအရောင်းဆိုင်များသို့ သွားရောက်ကာ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများအနေဖြင့် ဒေသတွင်းသင့်တင့်မျှတမှုရှိသော စျေးနှုန်းများဖြင့်သာ ရောင်းချလျက်ရှိပြီး ဆေးဝါးများပြတ်လပ်မှုမရှိပါကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)