ပန်းတနော်မြို့တွင် ရောင်းချနေသော စားသုံးဆီများအား သတ်မှတ်ချက်များမှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ တာဝန်ရှိသူများသည် မြို့နယ် ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ရုံးချုပ်မှ လမ်းညွှန်ထားသော ဦးစားပေး ကုန်စည် (၁၀)မျိုးအား လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန်  ဆောင်ရွက်နေရာ ပန်းတနော်မြို့တွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ၂၁၊၁၀၊၂၀၂၄ ရက် နံနက် (၀၉:၃၀)  နာရီခွဲ အချိန်က ပန်းတနော်မြို့နယ် စားသုံးဆီရောင်းချသော ကုန်စုံဆိုင်များကို စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော် မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပန်းတနော်မြို့ပေါ်ရှိ စျေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီ အမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ  ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် (၁/၂၀၂၁) ကုန်အညွှန်းအမှတ်အသားများ ကို မြန်မာ ဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသော ဆီဗူးများ၊ ထင်ရှားသော၊ ကုန်စည်အမျိုးအမည်တိကျစွာဖော်ပြခြင်း၊ အလေးချိန်ယူနစ် ဖော်ပြမှုတို့ကို စစ်ဆေးခဲ့ပြီး၊ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေး နေ့စဉ်ဈေးနှုန်းဖော်ပြ၍ ဗီနိုင်းချိတ်ဆွဲကာ သတ်မှတ်ချက်အတိုင်း ရောင်းချနေကြောင်း တွေ့ရှိရသည်။  ဆီအမျိုးမျိုး ရောင်းချနေသော လုပ်ငန်းရှင်များကို ယခုအချိန်တွင် စားသုံးသူပြည်သူများ စားဆီများကို ဝယ်ယူနိုင်ရန် စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်ဖြင့် လာရောက်ဝယ်ယူပါက သတ်မှတ်ရက်အတွင်း အဆင်ပြေစွာ ရောင်းချပေးနိုင်ရန်၊ တစ်လအတွင်း သုံးကြိမ်ထုတ်ရန် သတ်မှတ်ထားသော်လည်း တစ်လအတွင်း ၁ပိဿာ ၅၀လုံး အပြည့်အဝ ထုတ်ယူနိုင်ရန်၊ လာရောက်ထုတ်ယူသောရက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနိုင်ကြောင်းကိုလည်းကောင်း၊ တစ်လအတွင်းမထုတ်ယူပါက  နောက်လအတွင်းသာ ထုတ်ယူခွင့်မရှိကြောင်းကိုလည်းကောင်း လုပ်ငန်းရှင်များ သိရှိနားလည်နိုင်ရန် စားသုံးသူပြည်သူများအခက်အခဲမရှိနိုင်စေရန်အတွက် အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)