ရွှေဝါရောင်ကုမ္ပဏီမှ Export ဆန်အိတ်ရေ ၃၀၀၀ သနပ်ပင်မှ ဝယ်ယူ

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ ထွက်ရှိသော ဧည့်မထစပါးအမျိုးအစားများကို ရွှေဝါရောင်ကုမ္ပဏီမှ ဖိလစ်ပိုင်နိုင်ငံသို့ NIMBA အမှတ်တံဆိပ်ဖြင့် တင်ပို့ရန် သီးသန့်ဝယ်ယူ၍ သိုလှောင်လျက်ရှိပြီး စပါးများကို သနပ်ပင်မြို့ရှိ ချမ်းအေးဆန်စက် ၊ ရွှေနဒီဆန်စက်တို့မှ အရောင်းအဝယ်စာချုပ်များ ချုပ်ဆို၍ ကြိတ်ခွဲတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ရွှေဝါရောင်ကုမ္ပဏီမှ နိုင်ငံခြားသို့ တင်ပို့မည့် Export ဆန် ဧည့်မထ ၅% စူပါ (၅) ဆန် (၅၀)Kg အိတ်ရေ ၃၀၀၀၀ အား (၁) အိတ်လျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ရန်ကုန်သတ်မှတ်ထားသည့် နေရာအရောက်ပို့ရန် သနပ်ပင်မြို့ ၊ လမ်းမတော် ချမ်းအေးဆန်စက်ပိုင်ရှင် ဦးမြင့်ဇော်နှင့် ယခုလ ဧပြီလဆန်းပိုင်းတွင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုထားကြပြီး၊ စက်ပိုင်ရှင်ဦးမြင့်ဇော်မှ ယခုလ ဧပြီလ ဆန်းပိုင်းမှစ၍ ဧပြီလကုန်အတွင်း ဆန်တစ်အိတ်လျှင် သယ်ယူပို့ဆောင်ခ (၇၀၀) ကျပ်ကျခံပြီး သတ်မှတ်ထားသည့် နေရာအရောက် အပြီးတင်ပို့ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)