တောင်ကြီးမြို့ပေါ်ရှိ လက်လီ/လက်ကားရောင်းချနေသော ဆေးဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချစေရေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေး မှူးနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ လက်လီ/လက်ကားရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများကို မိမိတို့ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းရှိ/မရှိနှင့် ဝယ်ယူ သုံးစွဲသူများ၏ အမှန်တကယ်ဝယ်ယူသုံးစွဲသည့် အခြေအနေများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းကုန်သည် များနှင့် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအား ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြင့်တက်မှုမရှိစေရန် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့နောက် တောင်ကြီးမြို့ပေါ်ရှိ ဆေးဆိုင်များသို့လည်းကောင်း ဆေးပစ္စည်းနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်စေရေး၊ ပြည်သူများလိုအပ်သည့် ဆေးဝါးများ အလွယ်တကူဝယ်ရရှိစေရန် ဆေးဆိုင်များအား နေ့စဉ်ဖွင့်လှစ်ရောင်းချပေးရေး၊ သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြုသည့် ဆေးများနှင့် အရည်အသွေးပြည့်ဝသည့် ဆေးဝါးများကိုသာ ရောင်းချရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေးတို့ကို ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ် ရေးဥပဒေ အခန်း(၁၀)ပါ၊ ပုဒ်မ(၂၁)၏ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို သိရှိလိုက်နာ ဆောင်ရွက်စေရန်အတွက် လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

DOCA(ရှမ်း)