
မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များကို အခြားတိုင်းနှင့် ပြည်နယ်မှ ဝယ်ယူလျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်နှင့် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တို့မှ ဆန်အိတ်များဝယ်ယူ၍ မြိတ်မြို့သို့ တင်ဆောင်လာခဲ့ကြောင်း သိရှိရပါသည်။
(၁၅.၁၀.၂၀၂၄)ရက်နေ့တွင် တင်ဆောင်လာသော ဆန်တန် (၄၇၅)၊ အိတ်ရေ (၉၅၀၀) သည် MV မြမြမွန်ရေယာဉ် ဖြင့် (၂၀.၁၀.၂၀၂၄)ရက်နေ့တွင်ရောက်ရှိလာခဲ့ပြီး (၁၀.၁၀.၂၀၂၄)ရက်နေ့တွင် တင်ဆောင်လာသော ဆန်တန် (၄၀၀)၊ အိတ်ရေ (၈၀၀၀)တို့သည် MV ဓနရွှေလမင်းရေယာဉ်ဖြင့် (၂၁.၁၀.၂၀၂၄)ရက်နေ့တွင် အသီးသီးရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ရောက်ရှိလာသောဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)