ပန်းတနော် ဆေးမျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသော ဆေးဝါးများအား ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် တိုင်းရင်းပညာဦးစီးဌာနတို့သည် (၂၁.၁၀.၂၀၂၄) ရက်နေ့ နေ့လယ် (၁၂:၀၀) အချိန်က ပန်းတနော် အနောက်ပိုင်းရပ်ကွက်ရှိ ဆေးမျိုးစုံရောင်းချနေသော ဆေးဆိုင်(၇)ဆိုင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆေးဝါးပြန်လပ်မှုမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ဂွမ်းလေးဆေးဆိုင်၊ ခင်မောင်ထွန်းဆေးဆိုင်၊ အေးမေတ္တာ ဆေးဆိုင်၊ ချမ်းစိမ့်ဆေးဆိုင် တို့တွင် ဆေးများ ပြတ်လပ်မှု ရှိ/မရှိကို မေးမြန်းခြင်း၊ ဆေးဝါးများတွင် စနစ်တကျ ဆေးဝါးမှတ်ပုံတင်အမှတ် ပါဝင်မှု ရှိ/မရှိ။ တိုင်းရင်းဆေးပညာဌာန၏ ခွင့်ပြုချက် ပါဝင်မှု ရှိ/မရှိ၊ စားသုံးသူရေးရာဦးစီးဌာန ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ဥပဒေပါအခန်း(၁၈)နှင့် ကိုက်ညီမှု  ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြသည်။ ဆေးရောင်းချသူလုပ်ငန်းရှင်များကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စပ်ဆေးအန္တရာယ်သတိထား၍ ကျောက်ကပ်ပျက်စီးလွယ်၍ မရောင်းချရန် ၊ စားသုံးသူပြည်သူများကို မလိုအပ်ပဲ အကိုက်အခဲပျောက်ဆေးမသောက်စေရန် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရန်ပညာပေးခြင်း၊ Date ကျော်သောဆေးဝါးများကို ဘယ်အရာမှ မသုံးသင့်မရောင်းချသင့်ကြောင်း၊ သတ်မှတ်ချက် တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာဌာနတို့ ဥပဒေအရ မရေးယူမည်ဖြစ်ပြီး၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)