ဓနုဖြူမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊  ဓနုဖြူဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၂၂.၁၀.၂၀၂၃) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆေးမျိုးစုံ ရောင်းချသည့်နေသည့် ဆိုင်(၇)ဆိုင်တွင်  ရောင်းချနေသော ဆေးအမျိုးမျိုးအား  ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့ပေါ်ရှိ ပရိုတက်ဆေးဆိုင်၊ ခိုင်ဝါဆေးဆိုင်၊ သမာဓိဆေးဆိုင်၊ ဂန္ဓမာဆေးဆိုင်တို့မှ ရောင်းချနေသောဆေးဝါးများတွင် စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်အမှတ် ဖြစ်သော (၂/၂၀၁၉) နှင့် ကိုက်ညီမှု ရှိ/မရှိ၊ ကျန်းမာရေးဦးစီးဌာန၏ ခွင့်ပြုချက်၊ ထုတ်လုပ်ခွင့်ပြုချက်အမှတ် ပါဝင်မှု ရှိ/မရှိ။ တိုင်းရင်းဆေး ပညာဦးစီးဌာန၏ ခွင့်ပြုချက်အမှတ်ပါဝင်မှု ရှိ/မရှိ၊ စည်ပင်သာယာ နယ်နိမိတ်အတွင်း လုပ်ငန်းလိုင်စင် ရှိ/မရှိတို့ကို စစ်ဆေးခြင်းပြုလုပ်ခဲ့ရာ သတ်မှတ်ချက်နှင့် အညီရောင်းချ နေကြောင်း စစ်ဆေးတွေ့ရှိရသည်။ ဆေးအမျိုးမျိုး ရောင်းချသူလုပ်ငန်းရှင်များကို ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ မေးမြန်းသည့်အခါ ဆီးချိုနှင့် ပတ်သက်သောဆေးများ၊ သွေးကျဆေးနှင့် ပတ်သက်သောဆေးများ၊ ပြတ်လပ်မှု မရှိသော်လည်း ဝယ်ယူရန် အတွက် ရက်အကန့်အသတ်စောင့်၍ လိုသလောက် ဝယ်ယူ၍ မရကြောင်း သိရသည်။ ဆိုင်ရှင်များကို ဆေးပြတ်လပ်မှုကို မစိုးရိမ်ရန်နှင့် ဆေးဝယ်ယူမှု အနည်းငယ်ကျန့်ကြာသော်လည်း ဆေးဈေးနှုန်းများကို  စားသုံးသူပြည်သူများအတွက် ဈေးနှုန်းမြှင့်တင်ရန် ရည်ရွယ်၍ ရောင်းချခြင်းမျိုး မရှိစေရန် အသိပေးပြောကြားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ကိုစစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)