ယခုနှစ်၏ ပထမ ၉လတွင် ကမ္ဘောဒီးယား၏ အာဆီယံနှင့်ကုန်သွယ်မှု ၁၃% မြင့်တက်

Powered by Drupal

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကမ္ဘောဒီးယား၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၁.၇၂ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၃% မြင့်တက်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရသိရပါသည်။ ထိုကာလအတွင်း ကမ္ဘောဒီးယားသည် အာဆီယံနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၃.၈၁ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇.၉၁ ဘီလီယံတန်ဖိုးပြန်လည်တင်သွင်းခဲ့ကာ ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၃% အသီးသီးမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုကာလအတွင်း ကမ္ဘောဒီးယား၏ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၁.၄ ဘီလီယံရှိသည့် အတွက် အာဆီယံနှင့်ကုန်သွယ်မှုမှာ ထိုစုစုပေါင်းပမာဏ၏ ၂၈.၃% ရှိကြောင်းသိရပါသည်။ ထိုကာလအတွင်း ၎င်းတို့၏ထိပ်ဆုံးကုန်သွယ်ဖက် ၅နိုင်ငံမှာ ဗီယက်နမ်၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ဖြစ်ကြောင်းသိရပါသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရပါသည်။
Source : Times
DOCA(ရန်ကုန်)