
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မစျေး၌ (၂၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ချောက်မြို့(မြို့မစျေး)အတွင်း နှင့်အပြင်တွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်း၊ ပလတ်စတစ်အိတ်သုံးစွဲခြင်းအစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ချောက်မြို့နယ်တာဝန်ခံမှ မိတ်ဖက်ဌာနများနှင့်ပူးပေါင်းပြီး မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်ထုတ်ပြန်ထားသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များပြည့်စုံမှန်ကန်စွာ ပါဝင်ခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)