၂၀၂၄ခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယား-တရုတ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁.၁၄ ဘီလီယံရောက်ရှိ

Powered by Drupal

         ယခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယား-တရုတ်ကြားကုန်သွယ်မှုပမာဏသည် အမေရိကန်‌ဒေါ်လာ ၁၁.၁၄ ဘီလီယံထိရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် (၂၀၂၃) ၏ တူညီသည့်ကာလထက် ၂၂.၅% မြင့်တက်ခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ ထို ၉လတာကာလတွင် ကမ္ဘောဒီးယားသည် တရုတ်သို့ အမေရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉.၈၆ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများပြန်လည်တင်သွင်းခဲ့ကြောင်းသိရပါသည်။ တရုတ်သို့ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများမှာ ဆန်၊ ငှက်ပျောသီးများ၊ သရက်သီးများ၊ ပီလောပီနံ၊ ရေထွက်ကုန်နှင့် အဝတ်အထည်တို့ဖြစ်ပြီး အဝတ်အထည်အတွက် ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်းများ၊ ယာဉ်များ၊ စားသောက်ကုန်များ၊ အီလတ်ထရောနစ်ပစ္စည်းများနှင့် ဆေးဝါးများကို ပြန်လည်တင်သွင်းကြောင်းသိရပါသည်။ ကမ္ဘောဒီးယား-တရုတ် အပြန်အလှန်ကုန်သွယ်ရေးသဘောတူညီချက်နှင့် RECP သဘောတူညီချက်တို့က ကမ္ဘောဒီးယားစိုက်ပျိုးရေးထုတ်ကုန်များ တရုတ်သို့တင်ပို့မှုအရှိန်မြှင့်တင်ရန် ကူညီပေးနိုင်မည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Penn Sovichect ကပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည်လည်း တရုတ်-ကမ္ဘောဒီးယား ခင်မင်ရင်းနှီးမှုတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောဆိုမှုများဆောင်ရွက်ခဲ့ပြီဖြစ်ပြီး “Action Plan on Building a China-Cambodia Community with a Shared Future” အကောင်အထည်ဖော်ရန်အတွက် အစိုးရအချင်းချင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီ၏ အခန်းကဏ္ဍကို အပြည့်အဝလုပ်ဆောင်ခွင့်ပေးရန် သဘောတူညီခဲ့ကြကြောင်းသိရပါသည်။ နှစ်နိုင်ငံ၏ အနီးကပ်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မျှဝေသည့် အနာဂတ်တည်ထောင်ရန် သဘောတူညီမှုတို့သည် နှစ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးသမားများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် တွန်းအားပေးနိုင်မည်ဟု ကမ္ဘောဒီးယားကုန်သည်များအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Lim Heng ကပြောကြားခဲ့ပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)