ဂျပန်နိုင်ငံ၏ ၂၀၂၄ ဆန်သစ်ဈေးသည် နွေရာသီအပူရှိန်ကြောင့် ၃၁နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

Powered by Drupal

       ဂျပန်နိုင်ငံ၏ ရိတ်သိမ်းပြီးခါစ စပါးဈေးနှုန်းသည် ယခင်နှစ်ထက် ၄၈% မြင့်တက်ခဲ့ပြီး ၃၁နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်း ဂျပန်နိုင်ငံ၏ လယ်ယာဝန်ကြီးဌာန၏ သောကြာနေ့တွင်ထုတ်ပြန်သော အချက်အလက်များအရသိရသည်။ အမျိုးသားလယ်ယာသမဝါယမအသင်းချုပ်နှင့် အခြားလက်ကားရောင်းချသူများထံရောင်းချသော ပျမ်းမျှဈေးမှာ ၆၀ကီလိုဂရမ်လျှင် ယန်း၂၂၇၀၀ (၁၅၁ဒေါ်လာ) ရှိကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက စက်တင်ဘာလတွင် သတင်းထုတ်ပြန်ခဲ့သည်။ နှစ်စဉ်ရိတ်သိမ်းထားသော စပါးများအား စက်တင်ဘာလဝန်းကျင်တွင် ဂျပန်နိုင်ငံရှိ စတိုးဆိုင်များတွင် စတင်ရောင်းချလျက်ရှိကြောင်းသိရသည်။ အမျိုးသားဆန်အိတ်ချိန်းနှင့် ဈေးနှုန်းဖွဲ့စည်းရေးဗဟိုဌာန၏ အချက်အလက်များအရ ဝန်ကြီးဌာန၏အချက်အလက်များသည် ၂၀၀၈ခုနှစ်အထိသာရှိသေးသော်လည်း ယခုနှစ်ဈေးနှုန်းသည် ယန်း၂၃၆၀၇သို့ရောက်ရှိခဲ့ပြီး ၁၉၉၃ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။ ငွေကြေးဖောင်းပွမှုကြောင့် ထုတ်လုပ်မှုစရိတ်များမြင့်တက်လာခြင်းနှင့်အတူ ဆန်စားသုံးမှုကို မြင့်တက်စေသည့် ပြည်တွင်းခရီးသွားများပေါများလာခြင်းနှင့် ပေါင်းစပ်လိုက်ခြင်းကြောင့် ပြီးခဲ့သည့်လ ဈေးနှုန်းတက်လာခဲ့ခြင်းဖြစ်သည်။

Source : mainichi.jp

DOCA(ရန်ကုန်)