မိတ္ထီလာမြို့၊ စက်မှုဇုန်ရှိ ယက္ကန်းစက်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည့် ပြည်ပက ချည်၊ ပိတ်သွင်းနေသဖြင့် ထိုကိစ္စကိုပြန်၍ စစ်ကြည့်ပေးပါရန် လမ်းညွှန်မှုအပေါ်  ဒေသတွင်းရှိ ပုဂ္ဂလိက ယက္ကန်းစက်ရုံးများသို့ (၁၄.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှ မိတ္ထီလာမြို့စက်မှုဇုန်ရှိ ယက္ကန်းစက်ရုံများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဟိန်းထက်ဇော်စက်ယက္ကန်းနှင့် အထည်ချုပ်လုပ်ငန်း၊ ကျားညီနောင်စက်ယက္ကန်း(ပုဆိုး)၊ ရွှေလွန်းပျံစက်ယက္ကန်း(ပုဆိုး)၊ ပန်းစွယ်တော်စက်ယက္ကန်း(စောင်) လုပ်ငန်းများ၏ ရင်းနှီးမြှပ်နှံမှု၊ (၁)လထုတ်လုပ်နိုင်မှုစွမ်းအား၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှု၊ ကုန်ကြမ်းတင်သွင်းမှု၊ ကုန်ချောဖြန့်ဖြူးရောင်းချမှုများကို တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)