ကင်ညာနိုင်ငံသည် ဈေးကွက်အတွင်းသို့ မလိုလားအပ်သော ထုတ်ကုန်များဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် ထောပတ်သီးနှင့် မကာဒမီးယားအစေ့အဆန်များတင်ပို့မှုကို ဆိုင်းငံ့ထားကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ အတွင်းဝန် Andrew Karanja က ကင်ညားနိုင်ငံမြို့တော် နိုင်ရိုဘီတွင် မာကာဒေမီးယားတင်ပို့မှုနှင့် ရိတ်သိမ်းမှုတားမြစ်ချက်ကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့မှ ၂၀၂၅ခုနှစ်၊ မတ်လ ၁ရက်နေ့အထိ စတင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ကုန်သည်များသည် စစ်ဆေးခြင်း၊ အတည်ပြုခြင်းနှင့် ရှင်းလင်းခြင်းအတွက် ၎င်းတို့၏လက်ရှိစတော့ရှယ်ယာများကို နိုဝင်ဘာလ ၁၅ရက်နေ့အထိနောက်ဆုံးထားပြီး တင်သွင်းရမည်ဖြစ်ကြောင်း karanja ကပြောကြားခဲ့သည်။ မလတ်ဆတ်သော မကာဒေမီးယားအခွံမာသီးများကို ရိတ်သိမ်းခြင်း၊ ပြုပြင်ခြင်းနှင့် တင်ပို့ခြင်းသည် ကမ္ဘာဈေးကွက်တွင် ကင်ညာမှထွက်ကုန်၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကို ဆိုင်းငံ့လိုက်ခြင်းသည် ကင်ညာနိုင်ငံတကာဈေးကွက်ကိုတည်တံ့စေပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရွယ်မရောက်သေးသောသီးနှံများကို ရိတ်သိမ်းခြင်းကြောင့်ဖြစ်ရသည့် သီးနှံလည်ပတ်မှုအဟန့်အတားကို လျှော့ချနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ AFA မှ သစ်သီးဝလံအနည်းအကျဉ်းကို လေကြောင်းဖြင့် တင်ပို့ခွင့်ပြုထားသော်လည်း ရေကြောင်းမှ တင်ပို့ခြင်းကို ဆိုင်းငံ့ထားမှုသည် အောက်တိုဘာလ ၂၅ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ AFA သည် ထောပတ်သီးရင့်ကျက်မှုအခြေအနေကိုစောင့်ကြည့်ပြီး ဒီဇင်ဘာလ၊ ပထမအပတ်တွင် ဆိုင်းငံ့မှုကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ကင်ညာသည် အခွံမာသီးနှင့် သစ်သီးအခြောက်များကို အဓိကအားဖြင့် အရှေ့အလယ်ပိုင်းဥရောပနှင့် တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိပြီး ထောပတ်သီးအား အဓိကတင်ပို့လျက်ရှိကြောင်းသိရသည်။
Source : capitalfm
DOCA(ရန်ကုန်)