
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများဦးဆောင်၍ “ခရိုင်ဆန်သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့များ”နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို စစ်ဆေးပြီး ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရာ (၁၈.၉.၂၀၂၄) ရက်နေ့တွင် မုံရွာမြို့နယ်အတွင်းရှိ “သိန်းထွန်း၊ ဦးရွှေ၊ ရွှေပြည်ဟိန်း၊ ” ဆန်အရောင်း ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးအသိပညာရေးရာ ဆန်ဆိုင်များတွင် ၊ ဖန်သီးသုခ၊ ရက် (၉၀)၊ ရွှေဝါထွန်း၊ မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းဆန်များကို အများဆုံးရောင်းချလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်း ကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)