ကန့်ဘလူမြို့၊ မြို့မဈေးရှိကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် နံနက် (၀၉:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည့် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

      စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံက ပူးပေါင်းအဖွဲ့ဖြင့် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် “အဖွားလက်ရာ”အမှတ်တံဆိပ်ပါကုန်စည်များ ရောင်းချခြင်းရှိ /မရှိ စစ်ဆေးခဲ့ကြောင်း၊ ထို့ပြင် နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)