ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

             ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဧပြီလ တတိယပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဧပြီလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၂၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၁၆၀၀၊ တန်အားဖြင့် ၅၀၈၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၈၀၀၀၊ မန္တလေးသို့ အိတ်ရေ ၆၂၆၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၅၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၇၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၅၀၀၊ပခုက္ကူသို့ အိတ်ရေ၁၃၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၄၁၉၀၀ ၊ တန်အားဖြင့် ၇၀၉၅တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၂၀၁၅၊ တန်အားဖြင့် ၁၀၀.၇၅တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဧပြီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ်၁၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၅၃၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျင် ကျပ်၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)