၂၅.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ ခရွမ်းရှမ်းရွာရှိ “ကိုး” အအေးခန်းစက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက လုပ်ငန်းရှင်အား အအေးခန်း အရေအတွက်၊ အအေးခန်း၌ကုန်သိုလှောင်ထားရှိမှု၊ လုပ်သားအင်အားအခြေအနေနှင့် ကြုံတွေ့ရသောအခက်အခဲများကို ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က ၎င်းအနေဖြင့် အအေးခန်း (၈) ခန်းဖြင့် လည်ပတ်လျက်ရှိကြောင်း၊ အအေးခန်းတွင် ငရုတ်သီးခြောက်၊ ငါးခြောက်၊ မန်ကျည်းမှည့်၊ Freezer အခန်းတွင် ပင်လယ်စာများ သိုလှောင်ထားရှိကြောင်း၊ ငါးခြောက်သိုလှောင်သည့် ဖောက်သည်များမှာ ရေး၊ သံဖြူဇရပ်နှင့် မော်လမြိုင်တို့မှ ဖြစ်ကြောင်း၊ ငါးခြောက်စပေါ်သည့်အချိန် အောက်တိုဘာလမှ မေလအတွင်း သိုလှောင်ထားကြပြီး မိုးတွင်းကာလတွင် ထုတ်ယူရောင်းချကြကြောင်း၊ ဝန်ဆောင်ခအနေဖြင့် တစ်နေ့လျှင် တစ်ပိဿာသိုလှောင်ခ (၆) ကျပ်နှုန်းဖြင့် ဝန်ဆောင်ခပေးလျှက်ရှိကြောင်း လုပ်သား (၁၅) ဦးကို အလုပ်အကိုင်ပေးထားနိုင်ကြောင်း၊ လျှပ်စစ်မီတာသုံးစွဲခမှာ တစ်လလျှင် (၃၅) သိန်းကျပ် ကုန်ကျပြီး လျှပ်စစ်မီးပြတ်တောက်မှုများရှိသဖြင့် ယခုအခါ Solar တပ်ဆင်ထားကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။
DOCA(မွန်)