ပြည်နယ်ဦးစီးမှူးမှ SLM အအေးခန်းစက်ရုံသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂၄.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ ငန်းတေးကျေးရွာရှိ SLM အအေးခန်းစက်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဦးစီးမှူးက စက်ရုံလည်ပတ်နေမှု အခြေအနေ၊ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေ၊ ဝန်ဆောင်မှုပေးနေသည့်အခြေအနေများကို ကွင်းဆင်းစစ်ဆေး ခဲ့သည်။ ထို့နောက် လုပ်ငန်းရှင်အား အအေးခန်းစက်ရုံ၌ ကုန်စည်သိုလှောင်ထားရှိမှုအခြေအနေ၊ လုပ်သားအင်အားအခြေအနေများကို ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က SLM စက်ရုံ တွင် (၆၅' x ၁၆' x ၁၄') (၁) ခန်းနှင့် (၄၅' x ၁၆' x ၁၄') (၁) ခန်း စုစုပေါင်း (၂)ခန်းဖြင့် လည်ပတ်နေကြောင်း စက်ရုံ(၂)ရုံတွင် ပိဿာချိန် (၅၀၀၀၀) ခန့်သိုလှောင်ထားနိုင်ကြောင်း စက်ရုံ၌ ငါးခြောက်များကို အဓိကသိုလှောင်ကြောင်း၊ သိုလှောင်ခအနေဖြင့် တစ်ပိဿာလျှင် တစ်ရက်သိုလှောင်ခ (၆) ကျပ်နှုန်းဖြင့် သိုလှောင်ကြောင်း၊ လုပ်သားအင်အား (၃) ဦးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ အသုံးစရိတ်အနေဖြင့် တစ်လလျှင် လုပ်သားခ၊ မီတာခ၊ အထွေထွေကုန်ကျစရိတ်အပါအဝင် စုစုပေါင်း ကျပ်သိန်း (၂၀) ခန့်ကုန်ကျကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)