ပခုက္ကူမြို့၊ အခြေခံပညာမူလတန်းလွန် ကျောင်းသို့ သွားရောက် အသိပညာပေး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစားရင်းတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန် ရည်ရွယ်၍ ပခုက္ကူမြို့၊ အခြေခံပညာမူလတန်းလွန် မြင်သာဆန်ကျောင်းသို့ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     ငွေစာရင်းတာဝန်ခံမှ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် (၈)ချက်မှာလည်း အရေးပါကြောင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်မည့် နေရာများ၊ တိုင်ကြားနိုင်သူများနှင့်  Consumer Call Center 1535 သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်သည့်အကြောင်းကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲ၊ စီမံ(ထွေ)ဝန်ထမ်းမှ စားသုံးသူ များအနေဖြင့် နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် စားသုံးသူများရရှိရမည့် အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲနှင့် ပတ်သက်သည့် မေးခွန်းများအား မေးမြန်းခြင်းနှင့် ဆုချီးမြှင့်ခြင်းများပြုလုပ်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)