KPKM မှ မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော Shine Muscat စပျစ်သီးများအား စုံစမ်းစစ်ဆေးသွားမည်

Powered by Drupal

စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာန (KPKM) သည် နိုင်ငံအတွင်းသို့ တင်သွင်းလာသော Shine Muscat စပျစ်သီးများဝင်ရောက်လာမှု အစီရင်ခံစာများနှင့်စပ်လျဉ်းသည့် နောက်ထပ် စစ်ဆေးမှုများပြုလုပ်မည်ဖြစ်သည်။ မလေးရှားနိုင်ငံ Quarantine and Inspection Services Department နှင့် စိုက်ပျိုးရေးဌာန Biosecurity Division ကဲ့သို့သော သက်ဆိုင်ရာ အေဂျင်စီများမှ သုတေသနနှင့်စစ်ဆေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KPKM ၏ ဝန်ကြီး Datuk Seri Moharmad Subu ကပြောကြားခဲ့သည်။ ယခုအချိန်ထိ KPKM သည် ဓာတုကြွင်းကျန်များ လွန်ကဲစွာပါဝင်နေသော စပျစ်သီးများနှင့်ပတ်သက်၍ တိုင်ကြားမှုတစ်စုံတစ်ရာမရှိသောကြောင်း၊ တိုင်ကြားမှုများ သို့မဟုတ် အဖြစ်ပျက်များဖြစ်ပေါ်လာပါက ချက်ချင်းနောက်ဆက်တွဲ အရေးယူသွားမည်ဖြစ်ကြောင်း Maharmad Subu က ဆက်လက်ပြောကြားခဲ့သည်။ အစောပိုင်းတွင် ထိုင်းပိုးသတ်ဆေးသတိပေးရေး ကွန်ရက် (Thai-PAN) မှ ကောက်ယူထားသော နမူနာများသည် အမြင့်ဆုံးခွင့်ပြုထားသည့် ပမာဏထက်ကျော်လွန်၍ အန္တရာယ်ရှိသော ဓာတုအကြွင်းအကျန်များပါဝင်နေကြောင်းတွေ့ရှိပြီးနောက် Shine Muscat စပျစ်သီးနှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်ခဲ့သည်။ Thai-PAN နှင့် Thai Consumer Council တို့သည် တင်သွင်းသော Shine Muscat စပျစ်သီးများအတွက် မူရင်းနိုင်ငံကို တံဆိပ်တပ်ရန်နှင့် တင်သွင်းသူများနှင့် ဖြန့်ချိသူများအပါအဝင် ချက်ချင်းအရေးယူဆောင်ရွက်ရန် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကို တိုက်တွန်းထားကြောင်းသိရသည်။
Source : bernama
DOCA(ရန်ကုန်)