၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်နေ့၊ နံနက်(၀၉း၃၀) နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြိတ်မြို့ပေါ် ရှိ စက်သုံးဆီ(၄)ဆိုင်သို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွင်းရောင်းချရမည့်စျေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့်ရောင်းချနေခြင်းရှိ/မရှိနှင့် စက်သုံးဆီရောင်းချနေမှု အခြေအနေတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(တနင်္သာရီ)