တရားမဝင် စားအုန်းဆီများ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံမှဦးဆောင်၍ မြို့နယ်တရားမဝင် ကုန်သွယ်မှုတားဆီးရေးအဖွဲ့သည် (၂၄.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စလင်းမြို့နယ် မြင်တင်ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင် (၅)ဆိုင်တွင် တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းမှ ဝင်ရောက်လာသည့် စားအုန်းဆီဘူးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း၍ ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးခဲ့ရာ မြင်တင်ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်(၅)ဆိုင်တွင် တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းမှ ဝင်ရောက်လာသည့် စားအုန်းဆီဘူး ရောင်းချမှုမတွေ့ရှိရကြောင်း စစ်ဆေးသိရှိရပြီး စားသုံးဆီဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ထုတ်လုပ်ထားသော စားသုံးဆီများကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသွားရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)