စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် (၂၈.၁၀.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ငူမြို့၊ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် တောင်ငူ မြို့ပေါ်ရှိ ကုန်မျိုးစုံလက်လီလက်ကားရောင်းချသူများနှင့် တွေ့ဆုံပြီး ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သတ်မှတ်သည့် အမိန့်ထုတ်ပြန်ခြင်းနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့် ထုတ်ပြန်ခြင်းများကို ရှင်းလင်းပြောကြားပါသည်။
ရှေးဦးစွာ ခရိုင်ဦးစီးမှူးသည် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က အမိန့်အမှတ်(၂/၂၀၂၄)ဖြင့် ထုတ်ပြန်သည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ် ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်တွင် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ်ရာတွင် လိုက်နာရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၅၀/၂၀၂၃ ဖြင့် ထုတ်ပြန်သည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့်အမိန့်အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားပြီးမှ လုပ်ကိုင်ရန်နှင့် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၂၀)ဦး တက်ရောက် ကြောင်း သိရပါသည်။
DOCA(ပဲခူး)