ပြည်နယ်ဦးစီးမှူးမှ “CT” အအေးခန်းစက်ရုံလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၂၈.၁၀.၂၀၂၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ ကော့ခမယ်ကျေးရွာရှိ“CT” အအေးခန်းစက်ရုံသို့ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်နေသော “CT” အအေးခန်းစက်ရုံမှာ မြေပြင်တွင် အမှန်တကယ်လုပ်ငန်း ဆောင်ရွက်နေမှု ရှိ/မရှိအား စစ်ဆေးခဲ့ရာ မြေပြင်တွင် အမှန်တကယ်လုပ်ငန်းလည်ပတ်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။

    ဆက်လက်၍ ပြည်နယ်ဦးစီးမှူးသည် လုပ်ငန်းရှင်အား လက်ရှိတည်ဆောက်ထားသော အအေးခန်းစက်ရုံအရေအတွက်၊လက်ရှိကုန်ပစ္စည်းသိုလှောင်ထားရှိမှုအခြေအနေ၊ ကုန်ကျစရိတ် အခြေအနေများကို ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က အအေးခန်း (၃) ခန်း တည်ဆောက်ထားကြောင်း၊ အအေးခန်း (၃) ခန်းတွင် ကုန်ပိဿာချိန် (၉၀၀၀၀) ဝန်းကျင် ဝင်ဆန့်ကြောင်း၊ လက်ရှိတွင် ငါးခြောက်နှင့်ငရုတ်သီးခြောက်ကို သိုလှောင်ထားရှိကြောင်း၊ သိုလှောင်ခအနေဖြင့် တစ်ပိဿာကို တစ်နေ့ သိုလှောင်ခ (၆) ကျပ်နှုန်းဖြင့် ဝန်ဆောင်ခပေးလျက်ရှိကြောင်း၊ ငါးခြောက်ရာသီဖြစ်သော အောက်တိုဘာလဆန်းမှ ဧပြီလကုန်အထိ ကုန်အဝင်ရှိပြီး မိုးတွင်းကာလ မေလမှ စက်တင်ဘာလကုန်တွင် ကုန်အဝင်နည်းပါးကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်လလျှင် ကျပ် ၁၅ သိန်းမှ သိန်း ၂၀ ဝန်းကျင်ရှိကြောင်း၊ လုပ်သား (၃) ဦးကို အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)