မုဒုံမြို့နယ် မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် “အဖွားလက်ရာ” အမှတ်တံဆိပ် အသားဟင်း၊ ငါးဟင်း စည်သွပ်ဗူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ၁၅.၁၀.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့မဈေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များတွင် “အဖွားလက်ရာ” အမှတ်တံဆိပ် အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုဒုံမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင် (၇) ဆိုင်တို့တွင် “အဖွားလက်ရာ” အမှတ်တံဆိပ် အသားဟင်း၊ ငါးဟင်း စည်သွပ်ဗူးများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မွန်)