၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့၊နံနက်(၁၀း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် မြန်မာထုတ်ကုန်များ ဖွံ့ဖြိုးရေးနှင့် စျေးကွက်ရရှိရေးဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များမှ Online Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ Myanmar Products Exchange(MPE)Co.,Ltd Managing Director မှ မိတ်ဆက်ရှင်းလင်းဆွေးနွေးခြင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ခံများ MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များနှင့် လိုအပ်သည်များအား ဆွေးနွေးခြင်း၊ Myanmar Products Exchange(MPE)Co.,Ltd မှ တာဝန်ရှိသူတစ်ဦးမှ ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကာ ဆွေးနွေးပွဲအား နေ့လယ်(၁၁း၁၅) နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)