အီကွေဒေါမှ ဘလူးဘယ်ရီသီးများအား ဟောင်ကောင်သို့ စတင် တင်ပို့

Powered by Drupal

               အီကွေဒေါသည် ဟောင်ကောင်သို့ ဘလူးဘယ်ရီသီးများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်၍ တင်ပို့ခဲ့သည်။ အီကွေဒေါနိုင်ငံမှ ဟောင်ကောင်သို့ ဘလူးဘယ်ရီသီးများအား တစ်ပတ်လျှင် ၁၅၀၀ ကီလိုဂရမ်တင်ပို့မည်ဖြစ်ပြီး ရာသီကုန်လာသည်နှင့်အမျှ ထုထည်အားဖြင့် နှစ်ဆ တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်။ ထိုဘလူးဘယ်ရီသီးများသည် အီကွေဒေါနိုင်ငံမှ တင်ပို့ သော အဝါရောင် နဂါးမောက်သီး၊ သလဲသီးတို့နှင့်အတူ နိုင်ငံတကာ ဈေးကွက်သို့ စတင်ဝင်ရောက် လာခဲ့သည်။ Nobis Fruit ကုမ္ပဏီသည် ဟောင်ကောင်တွင် AtlasBlue ဘလူးဘယ်ရီသီးမျိုးစိတ်များကို မိတ်ဆက်ရာတွင် ဦးဆောင် ဆောင်ရွက်ခဲ့သည်။ Nobis Fruit ကုမ္ပဏီသည် ဟောင်ကောင်ဈေးကွက်၏ မြင့်မားသော အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် အရွယ်အစားအလိုက် အသီးရွေးချယ်မှု ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးသော စက်များထားရှိအသုံးပြုခြင်းနှင့် ပေးပို့ထားသော ဘလူး ဘယ်ရီသီးများအား လိုအပ်သော Brix အဆင့်ရှိရန် အာမခံခြင်းကဲ့သို့သော ကိစ္စရပ်များတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားကြောင်းသိရသည်။ ဟောင်ကောင်သို့ ဘလူးဘယ်ရီသီးများ တင်ပို့ခြင်း သည် အရည်အသွေးနှင့် ဆန်းသစ်တီထွင်မှုများတိုး တက်လာစေရန်အတွက် အီကွေဒေါနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုသည့် ခြေလှမ်းကောင်းတစ်ရပ်ပင်ဖြစ်သည်။ Nobis Fruit ကုမ္ပဏီသည် ၂၀၂၄-၂၀၂၅ အတွင်း အမေရိကန်၊ စင်္ကာပူ၊ မလေးရှား၊ တူရကီ၊ စပိန်နှင့် နယ်သာလန် တို့ကဲ့သို့သော အဓိကဈေးကွက်များသို့ ၎င်း၏ ဘလူးဘယ်ရီသီးတင်ပို့မှု ပမာဏကို တိုးမြှင့်ရန် စီစဉ် လျက်ရှိကြောင်းသိရသည်။

DOCA(ရန်ကုန်)

Source : Freshplaza