ကမ္ဘောဒီးယားနှင့် တောင်ကိုရီးယား နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုခိုင်မာစေရန် ဆွေးနွေးမှုများ ပြုလုပ်

Powered by Drupal

             ကမ္ဘောဒီးယားတော်ဝင်အစိုးရ ( RGC ) နှင့်ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် တောင်ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များပိုမို လာရောက်ရင်းနှီးမြှုပ်နှံကြရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ကမ္ဘောဒီးယား-တောင်ကိုရီးယားတို့၏ အစိုးရ-ပုဂ္ဂလိက ကဏ္ဍဆွေးနွေးပွဲကို  ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကောင်စီ ( CDC ) ၏ ဒုတိယဝန်ကြီးချုပ် Sun Chanthol ကိုရီးယားသံအမတ် Park Jung Wook တို့က ဦးဆောင်ကျင်းပခဲ့ပါသည်။ ယခုဆွေးနွေးပွဲသည်နှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းလာစေရန်ရည်ရွယ်သည်။  Sun Chanthol သည် တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူများ၏စိုးရိမ်မှုများကို ဦးစားပေးဆောင်ရွက်ရာတွင် ၎င်းတို့၏စိန်ခေါ်မှုများကို ဖြေရှင်းပေးရန်၊ ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းအသစ်များနှင့် “ CDC Investment Project Management ” ဟုလူသိများသော ရင်းနှီးမြှုပ်နှံမှုပရောဂျက်တိုးတက်စေရန် ရှင်လင်းတင်ပြခဲ့ သည်။ အဆိုပါဆွေးနွေးပွဲသို့ ကိုရီးယားကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ ( KOTRA ) ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ( KOICA ) နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ကိုရီးယားကုန်သည်ကြီးများအသင်း ( KOCHAM ) တို့မှတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း ၂၀ မှတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ CDC ၏ ကြောညာချက်အရ ကမ္ဘောဒီးယားနှင့်တောင်ကိုရီးယား ကိုယ်စားလှယ်များသည် အခွန်ကောက်ခံခြင်း၊ ဘဏ္ဍာရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့တွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းသိရှီရပါသည်။

DOCA(ရန်ကုန်)

Source: Khmer Times