မကွေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာ‌ရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား ပင်စင်လစာထုတ်ယူသည့်နေ့ရက်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာ‌ရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    မကွေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(ပင်စင်စား)(၂၅၀၀)ဦးခန့်ရှိပြီး ပင်စင်လစာစတင် ထုတ်ယူသည့်ရက်ဖြစ်သည့် (၂၅.၁၀.၂၀၂၄)ရက်နေ့တွင် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်ယူပြီးပါက မကွေးတက္ကသိုလ်ဆေးရုံတွင် အခမဲ့ဆေးကုသပေးခြင်း၊ ပင်စင်စား(၁)ဦးလျှင် ဆန်(၃)ပြည်၊ ဆီ(၁) ပိဿာထိ ရောင်းချပေးပြီး ပင်စင်စား၏ဆန္ဒအရ ဆန်(၁)ပြည်နှင့် ဆီ(၅၀)ကျပ်သား ဝယ်ယူလိုပါကလည်း အဆင်ပြေစေရန် ခွဲ၍ ရောင်းချပေးပြီး အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ဆန်/ ဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)