မင်းဘူးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ဈေးနှုန်းများ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ပေါ်ရှိ အိမ်သုံးဆေးဆိုင်များတွင် စားသုံးသူပြည်သူများအတွက် လိုအပ်လျက်ရှိသော အိမ်သုံးဆေးပစ္စည်းများကို နေ့စဉ် ရောင်းချပေးလျက် ရှိပါသည်။

     ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(စတုတ္တပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးဈေးနှုန်းများမှာ sanovit အားဆေး(၁)ကတ်လျှင် ကျပ်(၂၀၀၀)၊ Calcium Magesium အရိုးဆေး(၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၁၀၀)၊ Tensar 80 သွေးကျဆေး (၁)ကတ်လျှင် ကျပ်(၄၀၀၀)၊ Enervon-C (ကြီး) အားဆေး(၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၆၀၀၀)၊ Decolgen (ဆေးပြား) (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၃၅၀)၊ Decolgen (ဆေးတောင့်) (၁၀)ပါ (၁)ကတ်လျှင် ကျပ် (၃၅၀၀)၊ Aspilet (ရိုးရိုး) သွေးကျဲဆေး (၁)ကတ်လျှင် ကျပ်(၁၂၀၀)၊ Amlong 5 သွေးကျဆေး (၁၀)လုံးပါ (၁)ဘူးလျှင် ကျပ်(၆၃၀၀)၊ Cetrine (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၅၀၀)၊ ဓာတ်ဆား (MPF) (၁)ထုပ်လျှင် ကျပ်(၆၀၀)၊ Oramin-G အားဆေး (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၅၃၀၀)၊ Becozinc (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၇၅၀၀)ဈေးတို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက  ယခုတစ်ပတ်တွင် sanovit အားဆေး ကျပ်(၂၀၀)၊ Becozinc (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး Tensar 80 သွေးကျဆေး ကျပ်(၃၀၀)၊  Decolgen ကျပ်(၂၀၀)၊ Aspilet (ရိုးရိုး) သွေးကျဲဆေး ကျပ်(၅၀)ဈေးနှုန်းလျော့ကျခဲ့ကြောင်း ဆေးဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)