မြိတ်ခရိုင် ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တို့မှ ဝယ်ယူ၍ (၂၉.၁၀.၂၀၂၄)ရက်နေ့တွင် Mv-အောင်တက်တိုး ရေယာဉ်ဖြင့် ဆန်တန်(၄၅၀)၊ အိတ်ရေ(၉၀၀၀)တို့ တင်ဆောင်လာခဲ့ပြီး (၃.၁၁.၂၀၂၄) တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။
ထိုသို့ ရောက်ရှိလာသောဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)