မြိတ်မြို့၊ မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအကြောင်း ဟောပြောဆွေးနွေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြိတ်မြို့၊ အထက်ရေပုန်းရပ်၊ မြင်းမိုရ်ကိုယ်ပိုင် အထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျန်းမာရေးဆိုင်ရာပြသနာများ၊ ရာသီပေါ် ရောဂါများအကြောင်း ဆွေးနွေးပြောကြားခြင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့  တိုင်ကြားနိုင်ကြောင်း၊ ထုတ်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရခြင်းအကြောင်း၊ အစားအစာ စားသောက်ရာတွင် လိုက်နာသင့်သည့်အချက်များနှင့် စားသုံးရန်မသင့် အစားအသောက်များအကြောင်းအား ပြောကြားခဲ့ပြီး ‌လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပါသည်။ ဟောပြောပွဲကို ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး ကျောင်းသူ/ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကျောင်းမုန့်စျေးတန်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)