၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက်( ၁၀:၀၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၄) ပေပါကို ယာဥ်မောင်း ဦးမျိုးဇော်ဝင်း၊ ယာဉ်အမှတ် 7P-7112 ISUZU မော်တော်ယာဥ်နှင့် နံနက်(၁၁း၀၀)အချိန်တွင် ရေးလမ်းရှိ ရွှေမြင့်မိုရ်ယာဥ်ရပ်နားစခန်းသို့ Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ (၅၄) ပေပါကို ယာဉ်မောင်း ဦးအေးမင်းဝင်း၊ ယာဉ်အမှတ် 1G-5879 FUSO မော်တော်ယာဉ်ဖြင့် စုစုပေါင်း စားအုန်းဆီ (၁၃၈) ပေပါတို့ကို တင်ဆောင်၍ ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ စုစုပေါင်း (၁၃၈) ပေပါအား ကုမ္ပဏီ၏ လက်ကား အရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)