မုံရွာခရိုင်၏ (၁၀/၂၀၂၄) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်မှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါသည်။

   မုံရွာခရိုင်အနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၂) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၀.၁၀.၂၀၂၄) ရက်နေ့တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “Bo Bo” ကိတ်မုန့်လုပ်ငန်းရှင်အားလည်းကောင်း၊ (၂၃.၁၀. ၂၀၂၄) ရက်နေ့တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “စိန်တစ်ပွင့်” ပေါင်မုန့်ကြော်လုပ်ငန်းရှင်အားလည်းကောင်း၊  တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား အသိပညာပေးဆွေး နွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)