စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန် သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “ကုဋေစိုး” ဆီစက်လုပ်ငန်းရှင် နှင့် သွားရောက် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ဆီများထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ (၂၀၁၉)၊ အခန်း (၁၅) ပုဒ်မ(၂၈) အရ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် “ကုဋေစိုး” ဆီစက်လုပ်ငန်းမှ ဆီများကြိတ်ခွဲ ထုတ်လုပ်ရာတွင်လည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်စေရေးနှင့် ဆီများထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖေါ်ပြရန်အတွက် မိမိတို့ စာသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စားသုံးသူပြည်သူများအတွက် ဈေးနှုန်းမှန်ကန်ပြီး အရည်အသွေးစစ်မှန်ပြည့်မီသော မြေပဲဆီများ ရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် “ကုဋေစိုး” ဆီစက်မှ ထုတ်လုပ်နေသောဆီများကို မိမိတို့ကိုယ်ပိုင် အမှတ်တံဆိပ်ကပ်နှိပ်၍ ပို့ဆောင်ရောင်းချရန်အတွက် ကုန်အညွှန်းအမှတ်အသား လျှောက်ထားရန် တိုက်တွန်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသား လျှောက်ထားဆောင်ရွက်ခဲ့ကြောင်းနှင့် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များဖြင့် ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)