ကန့်ဘလူမြို့နယ်တွင် သောက်ရေသန့်စက်ရုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် နံနက် (၀၉:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်း နှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စစစနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သောက်ရေ သန့်စက်ရုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    မြို့နယ်တာဝန်ခံကပူးပေါင်းအဖွဲ့ဖြင့် သောက်ရေသန့်စက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် သောက်ရေသန့်ဘူးများ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ သောက်ရေသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း မိမိတို့နှင့်သက်ဆိုင်သည်များကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း၊ လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)