မြန်အောင်မြို့နယ်အတွင်း စက်မှုလုပ်ငန်းသုံးစားအုန်းဆီထုတ်ယူမည့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၄) ရက်၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ရုံးလမ်း၊ အမှတ်(၁) ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်  စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်ယူမည့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါအစည်းအဝေးတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူမည့် လုပ်ငန်းရှင်များအား မိမိတို့ထုတ်ယူရမည့် လုပ်ငန်းသုံးဆီများ ထုတ်ယူစေရေး၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်း၊ မိမိတို့ရရှိသော လုပ်ငန်းသုံးစားအုန်းဆီများအား မိမိတို့ လုပ်ငန်းတွင်သာ အမှန်တစ်ကယ် ‌အသုံးပြုရန်၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်  ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင် (၂၀၀) ဦး တက်ရောက်ခဲ့ပြီး  အစည်းအဝေးကို နံနက် (၁၀:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)