စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ် တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၄) ရက်၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ “ရန်ကြီးအောင်” ဆန်စက်လုပ်ငန်းရှင် ဦးစိုးလွင်နှင့် တွေ့ဆုံ၍ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက “ရန်ကြီးအောင်” ဆန်စက်မှ စပါးဝယ်ယူရရှိမှုနှင့် ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ ထုတ်လုပ်သော ကုန်စည်များ အရည်အသွေးပြည့်မီစေရေး ၊ ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေများနှင့် ထုတ်ပိုးမှုစနစ်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ခေတ်မှီစက်ကိရိယာများ တပ်ဆင်ထားမှု ရှိ/မရှိ၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက်မှလည်း လုပ်သားရှားပါးမှုနှင့် စပါးဈေးအနိမ့်အမြင့်အပေါ် မူတည်၍ ကြိတ်ခွဲထုတ်လုပ်ကြောင်း၊ ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျ စွန့်ပစ်ကြောင်း သိရှိရပြီး၊ MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက် စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)