၂၀၂၄ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

              ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ အမြင့်ဈေး  (၁၂၃၀)ကျပ်ဖြင့် ဈေးရှိနေပြီးဈေးနှုန်းမှာ ယခင်အပတ်တိုင်းထူးခြားစွာ ပြောင်းလဲမှုမရှိဘဲ စီးဆင်းမှု မှာယခင်အပတ်ထက်ပိုလာပါသည်။ကြက်သွန်ဖြူသီးနှံမှာတစ်ပိဿာလျှင်ထူး ၁-၁၁၀၀၀ကျပ်၊ ထူး  ၂-၁၂၀၀၀ကျပ်၊ ထူး ၃-၁၂၅၀၀ကျပ်၊ ထူး ၄-၁၃၀၀၀ကျပ်၊ ထူး ၅-၁၄၀၀၀ကျပ်၊ ထူးလွန်-၁၅၀၀၀ ကျပ်နှင့် ဥတစ်လုံးမှာ ၂၅၀၀၀ကျပ်ဈေးပေါက်နေကြပြီး စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် တောင်သူလက်ကျန်နည်းပါး၍ ဈေးကွက်သို့ဝင်ရောက်မှုနည်းသဖြင့် ဈေးကွက်လိုအပ်ချက်အရ ဈေးအနည်းငယ်မြင့်တက်လာရပြီး စီးဆင်းမှုမှာ ယခင်အပတ်တိုင်းပုံမှန်ဖြစ်နေပါသည်။

            အာလူးသီးနှံမှာ တစ်ပိဿာလျှင် မျက်နီ S2-၇၅၀၀ကျပ်၊ S1-၇၀၀၀ကျပ်၊ OK-၆၅၀၀ကျပ်၊ ဆွဲသီး ၅၀၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၅၀၀ကျပ်ဈေးရှိနေကြပြီး အာလူးသီးနှံမှာ ရေနစ်ပျက်စီးမှုများကြောင့် ဈေးကွက်အဝင်နည်းပါးကာ စီးဆင်းမှုမှာ ယခင်အပတ်အောက်လျော့နည်းခဲ့ပါသည်။

             ချင်းသီးနှံမှာ ချင်းဥမမြေနီအကြီးစမှာတစ်ပိဿာလျှင်(၄၀၀၀)ကျပ်နှင့်အလတ်စမှာ(၃၅၀၀) ကျပ်ဖြင့် ဈေးနှုန်းထူးခြားစွာပြောင်းလဲမှုမရှိဘဲ ပြည်တွင်းဈေးကွက်သာရှိသဖြင့် စီးဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။

            ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၂၅၀၀-၂၇၀၀ကျပ်၊ ပန်းမုံလာ ၂၈၀၀-၃၀၀၀ကျပ်၊ ရွှေပဲ ၂၅၀၀၀ ကျပ်၊ ခရမ်းချဉ်ဂွတ်ရှယ်သီး ၆၀၀၀ကျပ်၊ ဘိုစားပဲ ၁၂၀၀၀-၁၅၀၀၀ကျပ်၊ မုန်လာဥနီ ၃၀၀၀-၃၅၀၀ ကျပ်၊ ဖရုံသီး ၁၈၀၀ကျပ်၊ ငြုပ်ပွ ၁၂၀၀၀-၁၅၀၀၀ကျပ်၊ ခရမ်းသီး ၃၅၀၀-၄၅၀၀ကျပ်၊ မုန်ညှင်း ၆၅၀၀ကျပ် အသီးသီးဈေးပေါက်နေကြပြီး စိုက်ခင်းရေနစ်ပျက်စီးမှုများကြောင့် ဂေါ်ဖီ၊ ပန်းမုံလာ၊  မုန်ညှင်း၊ ခရမ်းချဉ်သီး နှင့် ရွှေပဲသီးနှံတို့မှာ ထွက်ရှိမှုမရှိသလောက်နည်းပါးပြီး ဈေးကွက်အဝင်နည်း၍ ဈေးမြင့်တက်လာရပြီး စီးဆင်းမှုမှာ ယခင်အပတ်အောက် အနည်းငယ်လျော့နည်းခဲ့ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)