စားအုန်းဆီအထူးဈေးနှုန်းဖြင့် ရောင်းချမှုအား ဈေးကွက်စောင့်ကြည့် ကြပ်မတ်ရေး အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

          ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာ ဈေးကွက်စောင့်ကြည့် ကြပ်မတ်ရေးစစ်ဆေးရေး အဖွဲ့ဝင်များနှင့်အတူ (၂၀.၄.၂၀၂၂) နေ့တွင် မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)မှ စားသုံးဆီ ၁ပိဿာလျှင် (၅၆၀၀)ကျပ်ဖြင့် ရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်ကြပ်မတ်ရေး အဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)