၂၀၂၄-ခုနှစ်၊ အောက်တိုဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့် တားမြစ်ထားသောကုန်စည်များ ရောင်းချမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

   ၂၀၂၄-ခုနှစ်၊ အောက်တိုဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မကွေးမြို့နယ်တွင်(၆)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်တွင် (၃)ကြိမ်၊ မြို့သစ်မြို့နယ်တွင် (၂)ကြိမ်၊ နတ်မောက် မြို့နယ်တွင် (၃)ကြိမ်၊ ချောက်မြို့နယ်တွင် (၅)ကြိမ်၊ စုစုပေါင်း (၁၉)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)