ပဲခူးတိုင်းဒေသကြီးအတွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်း

Powered by Drupal

              ပဲခူးတိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချခြင်းကို ပုံမှန်ဖွင့်လှစ်၍ အရောင်းအဝယ် ပြုလုပ်နေပြီဖြစ်ပြီး ဈေးနှုန်းအနေဖြင့် သိသိသာသာ အတက်အကျ ပြောင်းလဲမှုမရှိဘဲ တောင်ငူခရိုင်ရှိစက်သုံးဆီဆိုင်အများစုသည် လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာသည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းသတ်မှတ်ချက်များအတိုင်း ရောင်းချနေပြီဖြစ်ပြီး ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့ရှိ စက်သုံးဆီဆိုင်များတွင် ပုံမှန်ရောင်းဝယ်လျှက်ရှိရာ စက်သုံးဆီဈေးနှုန်းများအနေဖြင့် အနည်းငယ်ကျဆင်းလာကြောင်း သိရှိရပါသည်။

            ၂၁.၄.၂၀၂၂ ရက်နေ့ တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ (Petro K ) စက်သုံးဆီဆိုင်ရှိ စက်သုံးဆီဈေးနှုန်းမှာ Ron-92 တစ်လီတာကို ၁၉၂၀ကျပ်ဖြစ်၍ ယခင်နေ့နှင့်နှိုင်းယှဉ်ပါက ၉၅ ကျပ်ကျဆင်းသွားပြီး   Ron -95 တစ်လီတာကို ၁၉၇၅ ကျပ်ဖြစ်၍  ယခင်နေ့နှင့်နှိုင်းယှဉ်ပါက ၁၂၀ ကျပ် ကျဆင်းသွား‌ကြောင်း သိရှိရပါသည်။ ဒီဇယ်ဈေးနှုန်းမှာ ကျဆင်းသွားခြင်းမရှိဘဲ ပရီမီယမ်ဒီဇယ်မှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)