မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၈.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဈေးဆိုင်ပိုင်ရှင်များအား ဒုတိယခရိုင်ဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များရောင်းချစေရန်၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုမရှိစေရန်၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသောက်ရန်မသင့်ထုတ်ပြန်ထားသည့် ဓါတုဆိုးဆေးများသော ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)